How it works

၁။ ပထမဦးစွာ မိမိရောက်ရှိရာနိုင်ငံနှင့်သက်ဆိုင်ရာ ကျား/မ FORM ကို ရွေးပါ။

၂။ ဖေါ်ပြလာသော စာမျက်နှာရှိ သက်ဆိုင်ရာကွက်လပ်များတွင် မိမိ၏ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာစနစ်တကျ ဖြည့်သွင်းပါ။ (such as Name, NRIC No., Date of Birth, both Local and Current Resident Addresses) အကယ်၍ ဖြည့်စရာမရှိလျှင် ကွက်လပ်မှာ “-” ဒက်ရှ်လေးထည့်ခဲ့ပါ (ဥပမာ-ရပ်ရွာအိမ်အမှတ်)။

၃။ လက်မှတ်နေရာတွင် မိမိ၏ထိုးမြဲလက်မှတ်ကို Finger (or) Mouse အသုံးပြပြီးရေးထိုးပါ။

၄။ နိုင်ငံကူးလက်မှတ် (ပတ်စပို့စ်) ၏ ရှေ့ဓါတ်ပုံပါစာမျက်နှာကို တခါတည်းတွဲထည့်ရန်အတွက် File upload ထည့်ထားပါတယ်။ မိမိပါတ်စပို့စ်ကို ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး ထည့်နိုင်ပါတယ်။ ဓါတ်ပုံဖိုင်ဆိုဒ်နည်းစေရန် ဖုန်းကင်မရာမှ Square Mode ကို သုံးပြီးရိုက်ယူရင် ပိုအဆင်ပြေတာ တွေ့ရပါတယ်။ ဒါမှမဟုတ် Viber ပို့ပြီး ဖိုင်ဆိုဒ်လျော့ချနိုင်ပါတယ်။

၅။ Email Address ကို သေသေချာချာစစ်ပြီး မှန်ကန်စွာ ဖြည့်ပါ။ အထူးအရေးကြီးပါတယ်။

ဒီအီးမေးလိပ်စာသို့ မိမိဖြည့်သွင်းခဲ့သော ကိုယ်ရေးအချက်အလက်များပါရှိသည့် Form-15 and passport copy တွဲထားပြီး PDF file ကို System မှ Auto ပို့ပေးမှာဖြစ်ပါတယ်။

မိမိလက်ခံရရှိလာမယ့် အီးမေးထဲမှာ ပေးပို့ရမယ့် သက်ဆိုင်ရာသံရုံးအီးမေးတွေကို တပါတည်းစုစည်းထည့်ပေးထားပါတယ်။ ဒါဆို အလွယ်တကူ အီးမေး forward လုပ်လို့ရပါပြီ။

အီးမေးလိပ်စာ မှားဖြည့်ခဲ့လျှင် သင့်ရဲ့အချက်အလက်ပါ PDF file ကို သင်ရရှိမှာမဟုတ်သလို အကယ်၍ အခြားသူတစ်ယောက်ရဲ့ အီးမေးလိပ်စာ ဖြစ်နေခဲ့လျှင် ထိုအီးမေးပိုင်ရှင်ထံ ရောက်သွားနိုင်လို့ပါ။ (အထူးဂရုစိုက်ပြီး အနည်းဆုံး သုံးကြိမ်လောက်ပြန်စစ်ပါလို့ အကြံပြုချင်ပါတယ်။)

၆။ အားလုံးမှန်ကန်စွာ ဖြည့်စွက်ပြီးလျှင် “GET PDF” Button ကို နှိပ်ပါ။ သင့်ရဲ့အီးမေးဆီကို မကြာခင် သင်ဖြည့်သွင့်ခဲ့သော အချက်အလက်များ နေရာတကျ ဖြည့်ပြီးထားသော PDF file ရောက်လာပါလိမ့်မယ်။ အကယ်၍ မိမိ “Inbox” ထဲမှာရှာမတွေ့လျှင် “Junk Folder” ထဲမှာ တချက်စစ်ပေးစေလိုပါတယ်။
အီးမေးရောက်မလာခဲ့လျှင်/ အခုခုအခက်အခဲရှိခဲ့လျှင် ဒီ shweform(at)gmail.com အီးမေးကို ဆက်သွယ်ပေးပါ။ အမြန်ဆုံးကူညီနိုင်အောင် ကြိုးစားပါ့မယ်။

အသဲကြားက တန်ဖိုးရှိလှတဲ့ မဲတပြားအတွက် အထူးဂရုစိုက်ပြီး မှန်ကန်စွာဖြည့်စွက်ပြီး သံရုံးအီးမေးကို ပို့ကြပါချင်ဗျာ။

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

>> Shall we start fill-in the form